April 24, 2024

ဓာတ်ပုံ- သင်္ကန်းညီနောင် မြို့သစ်လူမှုကူညီရေးအဖွဲ့

MT News

Written by Thi Ha

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာ၊ မြဝတီ-ကော့ကရိတ် အာရှလမ်း၊ ကွမ်းသီးခြံကုန်းဆင်း အနီးတွင် မြဝတီဘက်သို့ မောင်းနှင်လာသည့် Hiace (အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိပြီး မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ မောင်းနှင်လာသည့် Hiace (အဖြူရောင်)ယာဉ်အား ဝင်ရောက်တိုက်မိမှု  အောက်တိုဘာ ၃၀ရက် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်ကဖြစ်ပွားခဲ့ပြီး ခုနစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်မှ မြဝတီမြို့သို့ ထွက်ခွာလာသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ခရီးသည်တင်(အံစာတုံး)ယာဥ် နှင့် တစ်ဖက်ယာဥ်ကြောမှ သရက်သီးခြင်းများတင်ဆောင်လာသော အံစာတုံးယာဥ်တို့ အရှိန်ပြင်းစွာ တိုက်မိပြီး ခရီးသည်တင်ယာဥ်ပေါ်တွင် လိုက်ပါလာ ၂၀ ဦးအနက် ၆ ဦး သေဆုံးခဲ့ပြီး သရက်သီးတင် အံစာတုံးယာဥ်ပေါ်မှ ယာဥ်နောက်လိုက်တစ်ဦး သေဆုံးခဲ့ကြောင်း သင်္ကန်းညီနောင် -မြို့သစ် လူမှုကူညီရေးအသင်းမှ ကိုချမ်းမြေ့ က MT News သို့ ပြောသည်။

သူက ဆက်လက်၍ “သရက်သီးတင်လာတဲ့ကားက လမ်းကြောင်းမှန်အတိုင်း မောင်းလာတာ။ ခရီးသည်တင်ယာဥ်က ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာ။ ခရီးသည် ယာဥ်ပေါ်မှာ ပါလာတဲ့ ကားသမား နှစ်ဦးမှာ တစ်ဦးက ပြေးသွားတယ်။ ကျန်တစ်ဦး ပြောပြတာကတော့ သူတို့ကားက ကော့ကရိတ် မဝင်ခင် ထမင်းဆိုင်မှာ ခဏ နားကတည်းက ဘရိတ်ပေါက်နေတာကို ဒရိုင်ဘာက သိလို့ အုံနာဆီကို ဖုန်းဆက်လှမ်းပြောတယ်။ အဲ့ဒါကို ထိန်းမောင်းရင်ရလား ထိန်းမောင်းခဲ့လိုက် ဆိုလို့ မောင်းလာရင်းက ကုန်းအဆင်းမှာ အရှိန်မထိန်းနိုင်တော့ဘဲ တစ်ဖက်ယာဥ်ကြောရောက်သွားပြီး ယာဥ်တိုက်မှု ဖြစ်တာ” ဟု ဖြစ်စဥ် အသေးစိတ်ကို ပြောပြသည်။

သင်္ဃန်းညီနောင် မြို့သစ် ကယ်ဆယ်ရေးအဖွဲ့မှ ယာဥ်ပေါ်ပါ ခရီးသည် (၂၁) ဦးအနက် ထိခိုက်ဒဏ်ရာရရှိသူ (၁၄)ဦး သေဆုံး ကျား(၃) မ(၄) အား မြဝတီဆေးရုံးကြီးသို့ သဃ်န်းညီနောင် မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ပို့ဆောင်ပေးခဲ့ပြီး ၊ မြဝတီခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သင်္ဃန်းညီနောင်နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *