MT News
၁၂.၇. ၂၀၂၃
အမျိုးသမီးငါးဦးကို တရုတ်အမျိုးသားများထံ ရောင်းစား၍ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်နေ ခင်ဇော်နှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ မလှိုင်းဗိုလ်ဗိုလ်တို့က ရန်ကုန်တိုင်းဒေသကြီးနေ မ—-၊ ၃၃ နှစ်၊ မ—-၊ ၂၁ နှစ်၊ မ—-၊ ၂၁ နှစ်၊ မ—-၊ ၂၀ နှစ်၊ ကချင်ပြည်နယ်နေ မ—-၊ ၃၀ နှစ်တို့ ငါးဦးကို တရုတ်ယောက်ျားယူပါက မြန်မာငွေကျပ် သိန်း ၁၀၀ ခန့်ရရှိမည်။ တစ်နှစ်ပေါင်းသင်းနေထိုင်ပြီးပါက ပြန်လည်ခေါ်ဆောင်ပေးမည်ဟု ပြောဆိုစည်းရုံးကာ တရုတ်အမျိုးသားများထံ ရောင်းစား၍ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သည်။
ထို့ကြောင့် မူဆယ်မြို့မရဲစခန်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/ ၄၄ ဖြင့် အမှုရေးဖွင့်၍ မူဆယ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇူလိုင် ၁၀ ရက်တွင် တရားခံ ခင်ဇော်နှင့် မလှိုင်းဗိုလ်ဗိုလ်တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ ဥပဒေပုဒ်မ ၃၈(က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
