၂၄. ၆. ၂၀၂၃
Written By Thandar
ပရိသတ်ချစ်ခင်မှုကို ရရှိထားတဲ့ သရုပ်ဆောင် ကျော်ကျော်နဲ့ ချစ်သူဆုမြတ်နိုးဦးတို့က အသက် ၄၀ ကျော်မှ အိမ်ထောင်ပြုမယ်လို့ ဆိုပါတယ်။
“တကယ်တမ်းကျတော့ အသက် ၄၀ မှ ဘဝက စတာမို့ ကိုကျော့်အသက်ခုမှ ၃၈ နှစ်ပဲရှိသေးတာပါ။ ဘဝမစသေးတဲ့အတွက် ခဏစောင့်ပါဦးလို့။ အသက်က ၄၀ ကျော်မှ ဘဝကစမှာလေ။ ကိုကျော် အသက် ၄၀ ကျော်မှ အိမ်ထောင်ပြုပါမယ်။ ခုမှ ကိုယ့်က Baby Lay ပဲ ရှိသေးတာပါ။ ဆုမြတ်နိုးဦးကတော့ ဘာကိုမှ မစဥ်းစားဘူး။ အရမ်းကို ရိုးရှင်းတယ်။ ကိုယ်ချစ်မြတ်နိုးတဲ့ သူကတော့ ကိုယ့်နားမှာအမြဲရှိတယ်။ ဆုမြတ်နိုးဦးကတော့ အသက် ၄၀ ပြည့်မှ ဘဝစမယ်ပြောတယ်” လို့ သရုပ်ဆောင် ကျော်ကျော်က ပြောပါတယ်။
သူတို့ကတော့ ညီထွဋ်ခေါင် ၊ ကျော်ကျော် ၊ ဆုမြတ်နိုးဦး ဆိုပြီး အမြဲတမ်း သူငယ်ချင်းသုံးယောက်အတူ တပူးတွဲတွဲ နေထိုင်ခဲ့ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူငယ်ချင်း ညီထွဋ်ခေါင် အနုပညာပိုင်း အောင်မြင်တဲ့ အပေါ်မှာလည်း ကျေနပ်ပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။
“ကိုယ့်သူငယ်ချင်း ဇာတ်လမ်းတွဲ အောင်မြင်တာတွေ့တယ်။ ဒါပေမယ့် သူသရုပ်ဆောင်ထားတဲ့ ကားတွေ သိပ်မကြည့်ဖြစ်ဘူး။ အပိုင်းလေးတွေ Tik Tok ပဲကြည့်ဖြစ်သေးတယ်။ အချိန်မရသေးလို့။ သူ့ကားတွေ ပြန်ကြည့်ရဦးမှာပါ။ ညီညီက သရုပ်ဆောင် စရိုက်ပီပြင်တယ်။ သူငယ်ချင်းက အပြင်မှာ ရှုပ်ထွေပွေလီတဲ့သူတစ်ယောက် မဟုတ်ဘူး။ သူ့ကားတွေ အချိန်သပ်သပ်ပေးပါဦးမယ်”လို့ သူကဆက်ပြောပါတယ်။
သရုပ်ဆောင် ကျော်ကျော်ဟာ ဇွန်လဆန်းပိုင်းက မိုခါရန်ပုံငွေ ဘောလုံးပြိုင်ပွဲနဲ့ တေးဂီတဖျော်ဖြေပွဲမှာလည်း ပါဝင်အားဖြည့် ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
