၂၂.၆.၂၀၂၃
Written By Thandar

Miss Grand Bago 2024 Grand Final ပြိုင်ပွဲကို ဇွန်လ ၂၁ ရက် ညပိုင်းက ရန်ကုန်မြို့ Yangon Convention Center မှာကျင်းပခဲ့ရာ ပြိုင်ပွဲကနေ ပဲခူးတိုင်း ကိုယ်စားပြုအလှမယ် City Winner ငါးဦးကို ရွေးချယ်ခဲ့ပါတယ်။

“ညီမက Miss Grand Bago 2024 ကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်သွားမှာပါ။ ဒီဆုကို ရတဲ့အတွက်လည်း အရမ်းပျော်မိတယ်။ စပြိုင်ကတည်းက Main Winner ဆုရဖို့အတွက်ကို မျှော်မှန်းထားပေမယ့် ညီမနဲ့အတူတူ ယှဉ်ပြိုင်ကျတဲ့ ပဲခူးအလှမယ်တွေ အားလုံးကလည်း အရမ်းကိုလှကြတော့ ဘယ်ဆုပဲရရယူမယ်ဆိုပြီးပဲ တွေးမိတယ်။ ဒါပေမယ့် တကယ်တမ်း Grand Final ပြိုင်ပွဲနေ့ကို ရောက်လာတော့ ငါ Main Winner ဆုဖြစ်တဲ့ Miss Grand Bago 2024 ဖြစ်ရမယ်ဆိုတဲ့ စိတ်ပဲတွေးမိတယ်။ Miss Grand Yangon ပွဲမှာတုန်းက ဝင်ပြိုင်ခဲ့ပေမယ့် ညီမအနေနဲ့ ဆုမရခဲ့ဘူး။ Miss Grand Yangon ပွဲက ပထမဆုံးပြိုင်ပွဲလည်းဖြစ်သလို Pagent ပိုင်းနဲ့ ပတ်သက်ပြီး ဗဟုသုတမရှိတာကြောင့်ရော Cat walk ပိုင်း အားမကောင်းတာကြောင့် ဆုမရခဲ့ဘူး။ အဲ့ဒီပြိုင်ပွဲမှာကတည်းက ညီမအနေနဲ့ အများကြီးကြိုးစားဖို့လိုသေးတယ်လို့ တွေးမိတယ်။ ဒါကြောင့် ရန်ကုန်ပွဲပြီး ၄ လပိုင်းလောက်ကတည်းက Catwalk ပိုင်းကို သေချာလေ့လာခဲ့တယ်။ Bago ကို ဝင်ပြိုင်ခဲ့တယ်ဆိုတာကလည်း ညီမပြောင်းလဲလာပြီဆိုတာကို သက်သေပြချင်လိုပါ။ အခုကြိုးစားမှုတွေအရာထင်ခဲ့တဲ့အတွက် ပျော်ပါတယ်” လို့ Miss Grand Bago2024 အိန်ဂျယ်လ်ကြည်ဖြူက ပြောပါတယ်။

အဆိုပါပြိုင်ပွဲမှာ ကိုယ်စားပြုအလှမယ် ၁၈ ယောက် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ Miss Grand Bago 2024 ဆုကို အလှမယ် အိန်ဂျယ်လ်ကြည်ဖြူ၊ Miss Grand Pathein 2024 ဆုကို အလှမယ် အင်ကြင်းဖူး၊ Miss Grand Taungoo 2024 ဆုကို အလှမယ် သဲစုငြိမ်း၊ Miss Grand Phyu 2024 ဆုကို မေလမင်း၊ Miss Grand Waw 2024 ဆုကို ပန်းသီရိဗိုလ်တို့က ရရှိခဲ့ပါတယ်။ ဒါ့အပြင် Miss Grand Taungtwingyi 2024 ဆုကို စန္ဒီမောင်မောင်၊ Miss Grand Magway ဆုကို ယဥ်မျိုးမေတို့ကလည်း ရရှိခဲ့ပါတယ်။

“ညီမရဲ့ ပထမဆုံး ပြိုင်ပွဲအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာပါ။ ကိုယ့်အတွက် အတွေ့အကြုံကောင်းတွေလည်း ရပါတယ်။ ဆုရပါ့မလား ရင်ခုန်စွာနဲ့ ပါဝင်ခဲ့တာပါ။ အခုလို တောင်တွင်းကြီး ကိုယ်စားပြုအနေနဲ့ ပါဝင်ယှဥ်ပြိုင်ရမယ်ဆိုတော့ ဝမ်းသာမိပါတယ်။ အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်။ ညီမအနေနဲ့ အကောင်းဆုံးကြိုးစားပြီး ဆက်လက်ယှဥ်ပြိုင်သွားမှာပါ”လို့ Miss Grand Taungtwingyi 2024 ဆုရ စန္ဒီမောင်မောင်က ပြောပါတယ်။

ဒါ့အပြင် Miss Grand Bago 2024 ပြိုင်ပွဲမှာ အခြားပြိုင်ပွဲတွေနဲ့မတူဘဲ တမူထူးခြားချက်အနေနဲ့ Miss Grand Myanmar က National Director Choice Award အဖြစ် Winner ဆုမရရှိဘဲ ကျန်ရှိခဲ့သူ ပြိုင်ပွဲဝင် အလှမယ်တွေ အားလုံးကိုလည်း Miss Grand Myanmar ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News