၁၈. ၁၀. ၂၀၂၂

Written by Tha Doe

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ပညာဘူမိတက္ကသိုလ် သုတဓမ္မဒီပလိုမာ (Level-1) စာမေးပွဲ ဖြေဆိုရမည့်ရက်အဖြစ် ယခုနှစ် ဒီဇင်ဘာ ၁၇ ရက်အား သတ်မှတ်ထားကြောင်း သင်တန်းစီစဥ်ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

သုတဓမ္မ ဒီပလိုမာ (Level-1) စာမေးပွဲ ကျင်းပရန် စီစဉ်ထားရှိသည့် ယခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင်မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိဖြစ်ပြီး ၁ ရက်တည်းသာကျင်းပမည်ဖြစ်သည်။ စာဖြေဌာန နေရာများကို တိုင်းနှင့်ပြည်နယ် (၉) ဌာနအတွင်း ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး အဆိုပါ (၉) ဌာနတွင် စာဖြေသူများပြားသည့် တိုင်းနှင့် ပြည်နယ်များအတွက် စာဖြေဌာန နေရာများ သတ်မှတ်ကြေညာသွားမည်ဟု သိရသည်။

စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများကို စာမေးပွဲဝင်ခွင့်ကဒ်များ ထုတ်ပေးနိုင်ရေး သတ်မှတ်စာဖြေဌာနများအလိုက် ဖြေဆိုရမည့်သူစာရင်းကို ကြေညာပေးနိုင်ရန် စီစဉ်လျှက်ရှိပြီး လျှောက်လွှာတင်သွင်းသူ ပုဂ္ဂိုလ်များထဲမှ အချက်အလက် ပြည့်စုံမှု မရှိသည့် လျှောက်လွှာအနည်းငယ်မှလွဲ၍ လျှောက်ထားသူများကို ဖြေဆိုခွင့်ရရှိစေရန် သင်တန်းကြီးကြပ်ရေးအဖွဲ့မှ စီစဉ်နေသည်။ စာမေးပွဲပါဝင်ဖြေဆိုနိုင်မည့် စာရင်းအား မကြာမီ ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပြီးတက္ကသိုလ် Website နှင့် တက္ကသိုလ်ရုံးခန်းနေရာများတွင် ကြေညာပေးမည်ဖြစ်သည်။

သုတဓမ္မဒီပလိုမာ (Level -1) စာမေးပွဲကို တိုင်းနှင့်ပြည်နယ်အနှံ့ ပြည်တွင်းပြည်ပ နိုင်ငံများကပါ စိတ်ပါဝင်စားသူ ပုဂ္ဂိုလ်များ၊ လေ့လာမှုများ ပြုလုပ်နေကြသူပုဂ္ဂိုလ်များ၊ Register လျှောက်လွှာတင်သွင်းသူများ ဖြေဆိုရန်ပြင်ဆင်နေကြသူ ပုဂ္ဂိုလ်များ အများအပြား ရှိကြသည်ကို ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးအနေဖြင့် လွန်စွာ ဝမ်းမြောက်လျှက်ရှိကြောင်း သိရသည်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ စီစဥ်သည့် သုတဓမ္မဒီပလိုမာ ပထမအကြိမ် စာမေးပွဲအား ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသူ ၅၀၀၀ ကျော် ရှိနေသည်။

ဒေါက်တာနန္ဒမာလာဘိဝံသ တည်ထောင်ခဲ့သည့် ပညာဘူမိတက္ကသိုလ်၏ သုတဓမ္မဒီပလိုမာနှင့် သုတဓမ္မဂဝေသီ (BA) ဘွဲ့ကို ကျောင်းတက်စရာမလိုဘဲ စာမေးပွဲဖြေဆိုအောင်မြင်ခြင်းဖြင့် ရယူနိုင်မည်ဖြစ်ကာ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်၂၀၂၂-ဇွန်လ ၆- ရက် တနင်္လာနေ့ကစ၍ ဖွင့်လှစ်ထားပြီး ပညာဘူမိတက္ကသိုလ်က ပြဌာန်းထားသော Level ( ၁၊ ၂၊ ၃) စာအုပ်များကို ကိုယ်တိုင်လေ့လာသင်ယူကာ ခြောက်လတစ်ကြိမ်ကျင်းပမည့်စာမေးပွဲများမပျက်မကွက်ဖြေဆို၍ သုတဓမ္မဒီပလိုမာရယူရမည်ဖြစ်သည်။ ဆက်လက်၍ သုတဓမ္မဂဝေသီ (BA) တန်းအတွက် ပြဌာန်းထားသော စာအုပ်များကိုဖတ်ရှုလေ့လာ၍ တစ်နှစ် တစ်ကြိမ် စာမေးပွဲဖြေဆိုကာစာမေးပွဲ နှစ်ကြိမ်အောင်မြင်ပါက သုတဓမ္မဂဝေသီ(BA) ဘွဲ့အပ်နှင်းမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *