◾️တခြားသူများပတ်သက်ပါက “သူလျှို၊ ဒလန်၊ Social Punishment” လုပ်ရန် လှုံ့ဆော်သူများက မိမိအလှည့်တွင် နားလည်ပေးရန် တောင်းဆိုမှု ပိုမိုဝေဖန်ခံနေရ

၁၉. ၄. ၂၀၂၃
Written By Thandar

ပရိသတ်စိတ်ဝင်စားမူ အများဆုံးခံရတဲ့ မင်းသမီးစမိုင်းလ်ကို မွေးနေ့မိတ်ကပ်ပြင်ပေးခဲ့တဲ့ မိတ်ကပ် မေဦး (Magic) နဲ့ ပတ်သက်ပြီး ဝေဖန်မူတွေ မြင့်တက်ခဲ့ပါတယ်။

“ချစ်သောအမျိုးတို့ရေ မွေးနေ့ပွဲ မိတ်ကပ်သွားပဲပြင်တာပါကွယ်။ ကိုယ်အလှပြင်ပေးရတဲ့ သူတွေဟာလည်း ဘာလုပ်တယ်။ ဘယ်လိုလူမျိုးလည်းဆိုတာ ထိမိဂွိကို သိပါတယ်ကွယ်။ ဒါကိုလည်း ရဲရဲတောက်နေတဲ့ လူတစ်ချို့ သိပါတယ်။ (မတက်နိုင်လို့သာ ဝင်မပြောကြတာပါကွယ်)။ အသေချာဆုံးကတော့ ယူတို့ချစ်ရတဲ့ မေဦးနဲ့ ဟန်လင်း သွေးက အခုထိရဲနေသလို သေသည့်အထိလည်း အနီပါပဲ။ ဘယ်သူ့အတွက်မှမဟုတ်ဘဲ ကိုယ့်အတွက်ကိုယ် မှန်ကြည့်တိုင်း ဂုဏ်ယူနေချင်တဲ့အတွက် အမြဲတမ်းအမှန်တရားဘက်က ရပ်တည်နေပါတယ်”လို့ မိတ်ကပ် မေဦး(Magic) က ပရိသတ်တွေကို ရှင်းလင်းအသိပေးလာပါတယ် ။

လတ်တလောအခင်းအကျင်းကြောင့် လူထုကို ဝေးဝေးနေဖို့ လှုံ့ဆော်ခံရတဲ့ အနုပညာရှင်တွေရှိနေပြီး ဒီလိုအနုပညာရှင်တွေကို တခြားသူပတ်သက်ရင် “သူလျှို၊ ဒလန်၊ Social Punishment” လုပ်ပါ လှုံ့ဆော်သူတွေက မိမိအလှည့်ကျ နားလည်ပေးဖို့ တောင်းဆိုလို့လည်း ပိုမိုဝေဖန်ခံနေရတာဖြစ်ပါတယ်။

မိတ်ကပ် မေဦး(Magic) Instagram Post အောက်မှာလည်း Comment တွေက “မေဦးရေ အမှန်တရား ဘက်တော်သားဟာ စမိုင်းလ်တို့တော့ ရှောင်သင့်ပါတယ် Very Disappointed ပဲနော် ” လို့ မန့်တဲ့သူတွေရှိသလို “သူများနိုင်ငံမှာ ရှင်သန် ရပ်တည်ဖို့ အကူအညီပေးတဲ့သူထဲပါလို့ နေမှာပေါ့ဟယ် လူတွေကလည်း သူတို့လိုဘမပြည့်တာနဲ့ မန့်မှာ ပြောဆိုနေကြတာပဲ။ သူများနိုင်ငံမှာ ရုတ်တရက်ကြီး အခြေကျရှင်သန်ရပ်တည်ဖို့ဆိုတာ လွယ်တဲ့အလုပ် ထင်နေကြတာလားမသိဘူး။ ငါကတော့မေဦးတို့ကို အရင်ကလည်းချစ်တယ် နောက်လည်း ဆက်ချစ်မှာပဲ” လို့ အားပေးသူလည်း တွေ့ရပါတယ်။

ဒါ့အပြင် “ငါတို့ပဲစောက်မှတ်မရှိတာပါ။ တို့ပဲတော်လှန်။ ငါတို့ပဲ SP။ ငါတို့ပဲ Boycott လုပ်။ သူတို့ကတော့ ချစ်မေမေ ဆိုပြီး ပလူးပြ သာယာပြနေတာ စောက်ပုံမလာဘူး” ၊ “အမေရိကားမှာ ငတ်ပြတ်နေတာလား မေးရအောင်လည်း ကလပ်မှာချည်းပဲ။ အဆုံးထိ စိတ်ဓာတ်တွေကို ကိုယ့်ကိုယ်ကို ဆွဲချကြတာနော် မြင်ရတဲ့လူတွေက သူတို့ အစားရှက်လိုက်တာ။ US ရောက်ဖို့ တော်လှန်ရေးကို လုပ်စားသွားတယ်ဆိုလည်း ငြိမ်ငြိမ်နေတော့ပေါ့ဟယ်။ နင်တို့ဟာက တလရကြောင့် နိုင်ငံခြားရောက်၊ တလရမှာ လူသတ်နိုင်ဖို့ လက်နက်ဝယ်ပေးတဲ့ဟာတွေကို ဘောသွားမ ရွံစရာကောင်းလိုက်ကြတာ” ၊ “တော်လှန်ရေးကြီးက ပြီးသွားတာလား??? ငွေများများပေးနိုင်လို့ ယိုင်းသွားတာလား စိတ်ကုန်စရာ” ၊ “မေဦးရေ အဲ့ဟာမက ဖရဲသီးဖြစ်နေဦးတော့ သူလှူထားတာထက် ဘောမ Support တာ ပိုများမှာပါ။ မလွှဲသာ မလွှဲကြောင်းပတ်သတ်နေရရင်တောင် အဲ့ဒီလောက် မေမေတပ်ခေါ် ပြီး ဂုဏ်မဆာပြပါနဲ့။ ငါတို့ ရင်နာလွန်းလိုပါ။ အစထဲက စိတ်ထားမှန်မှန်နဲ့ တလရမှာရပ်တည်ခဲ့တယ်လို့ ထင်ပါတယ်။ အခုမှဒါမျိုး ထ လုပ်တော့ အသက်ပေးသွားခဲ့ရတဲ့သူတွေ ထောင်ထဲကသူတွေကိုတွေးပြီးရာ လိပ်ပြာလုံနိုင်သလား????” ၊ “လောက်ကောင် ပိုင်တံခွန်၊ G Fatt သတင်းပြီရော မိတ်ကပ် မေဦး သတင်းတတ်လာဦးမယ်ထင်တယ်။ မြန်မာလူမျိုးဖြစ်ရတာလည်း စိတ်ကုန်လာပြီ” ၊ “မေဦးရေ တလရ အတွက် လုပ်ခဲ့သမျှ တွေက အလကားပဲ။ ပြင်စရာ လူ အဲ့လောက်တောင်ရှားသလားကွယ်။ အခုထိ တောင့်ခံ တင်းခံနေတဲ့သူတွေကို မျက်နှာ မပူဘူးလားကွယ်” လို့ ဝေဖန်ထားတာတွေလည်း တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *