၁၂. ၄. ၂၀၂၃
Written by Nay Aung
၂၀၂၃ ခုနှစ်အတွက် အာဆီယံဒေသအတွင်းရှိ နိုင်ငံများထဲ၌ ကာကွယ်ရေးအသုံးစရိတ် အနည်းဆုံးသုံးစွဲမည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပါဝင်လျက်ရှိနေကြောင်း အမေရိကန်အခြေစိုက် Global Firepower ၏ စစ်တမ်းများအရ သိရသည်။
အမေရိကန်အခြေစိုက် Global Firepower သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၁၄၅ နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်များကို လေ့လာပြီးနောက် ၂၀၂၃ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် အများဆုံးသုံးစွဲမည့် နိုင်ငံများစာရင်းကို ထုတ်ပြန်ခဲ့ရာ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ ထိပ်ဆုံးတွင်ရှိနေကြောင်းသိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၈ ဘီလျံကျော်သုံးစွဲမည်ဖြစ်ပြီးကမ္ဘာအဆင့် ၆၂ နေရာတွင်ရပ်တည်နေကြောင်း Global Firepower အဖွဲ့က ဖော်ပြသည်။မြန်မာနိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်သည် အာဆီယံဒေသအတွင်းရှိ နိုင်ငံများနှင့်နှိုင်းယှဉ်လျှင်မည်ဆိုလျှင် အနည်းဆုံးသုံးစွဲမည့်နိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်းသိရသည်။
၂၀၂၃ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အများဆုံး သုံးစွဲထားသော အာဆီယံဒေသအတွင်း နိုင်ငံများထဲတွင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှားနိုင်ငံတို့က ထိပ်ဆုံးနိုင်ငံများစာရင်းတွင် ရပ်တည်လျက်ရှိနေကြောင်း သိရသည်။
Global Firepower အဖွဲ့သည် ၂၀၂၃ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အများဆုံးပြုလုပ်မည့် နိုင်ငံများစာရင်းကို ထုတ်ပြန်ခဲ့ရာတွင် ဘရူနိုင်းနှင့် အရှေ့တီမော နိုင်ငံတို့ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွက် အာဆီယံဒေသအတွင်း နိုင်ငံများအနက် ကာကွယ်ရေးအသုံးစရိတ်အများဆုံး သုံးစွဲထားသောနိုင်ငံများထဲတွင် အဆင့် ၇ နေရာ ရပ်တည်နေပြီး ကမ္ဘောဒီးယား၊ လာအိုတို့က မြန်မာနိုင်ငံနောက်တွင်ရပ်တည်ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ၂၀၂၃ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် လျော့နည်းလျက်ရှိနေကြောင်း သိရသည်။ ၂၀၂၃ခုနှစ်အတွက် အာဆီယံဒေသအတွင်း နိုင်ငံများအနက် ကာကွယ်ရေးအသုံးစရိတ်အများဆုံး သုံးစွဲထားသောနိုင်ငံများထဲတွင် စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ၊ အင်ဒိုနီးရှားက ၈ ဒသမ ၈ ဘီလျံကျော်၊ ဗီယက်နမ်က အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၃ ဘီလျံကျော်၊ ထိုင်းနိုင်ငံက ၅ ဒသမ ၈၆ ဘီလျံကျော်၊ မလေးရှားက အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော် သုံးစွဲမည်ဖြစ်ကြောင်း Global Firepower ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
Ref—- Global Firepower






