MT News

Written by Nay Moe

မြိုင်မြို့နယ် သရက်ကန်ရွာသို့ လက်နက်ကြီးဖြင့် သွားပစ်သည့် မြိုင်ပကဖအဖွဲ့ဝင်တစ်ဦး လက်လုပ်လက်နက်ကြီးမတော်တဆမှုဖြင့် စတေးခဲ့ရသဖြင့် ကွယ်လွန်ခဲ့သည်ဟု မြိုင်ပကဖက အောက်တိုဘာ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တပ်ရင်း ၁ ၊ အလင်းတန်းပြောက်ကျားတပ်မှ ရဲဘော်မိုက်တီးသည် အောက်တိုဘာ ၇ ရက် ည ၁၁နာရီခွဲတွင် တပ်ဖွဲ့နှင့်မဟာမိတ်များ ပျုစောထီးရွာဟု သတ်မှတ်ထားသည့် သရက်ကန်ရွာကို လက်လုပ်လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ်ခဲ့ရာ လက်လုပ်လက်နက်ကြီး မတော်တဆဖြစ်၍ ၈.၁၀.၂၀၂၂ ခုနှစ် မနက် ၁ နာရီခန့်တွင် တော်လှန်ရေးအတွက် စတေးခဲ့ရသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *