

နေမိုး
၂၅. ၄. ၂၀၂၆
ထိုင်းနယ်စပ်အနီးက ဝေါလေဗျူဟာစခန်းကို KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ နှစ်နစ်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေသလို အခုရက်ပိုင်းမှာလည်း လက်နက်လူသူထောင်ချီ သာလွန်အင်အားသုံးပြီး ထိုးစစ်ဆင်နေရင်း ဒီနေ့မှာ အပြီးသိမ်းမယ်ကျုံးဝါးခဲ့ကြပေမဲ့ တပ်မတော်ရဲ့ တန်ပြန်တိုက်စစ်မှာ KNU နဲ့ PDF ဆယ်ရာချီ သေဆုံးဒဏ်ရာရပြီး အရှုံးနဲ့ ဆုတ်ခွာခဲ့ကြရတယ်လို့ KNU နဲ့ PDF တွေရဲ့ ဝမ်းနည်းပက်လက် ကူကယ်ရာမဲ့ပို့စ်တွေ၊ ဗိုလ်ကြီးစစ်မင်းအောင်နဲ့ တယ်လီဂရန်မှာ တပ်မတော်နဲ့ ဆက်နွှယ်သူတွေ အောင်ပွဲခံမှုပုံရိပ်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ကစ မြဝတီတောင်ဘက်က ဝေါလေဗျူဟာကုန်းကို KNU/KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲလို့ အမည်တပ်ပြီး စခန်းရဲ့ နာမည်ကျော် ဗိုလ်ကြီးစစ်မင်းအောင်ကို လက်ရဖမ်းမယ်လို့ PDF တွေက ကြုံးဝါးခဲ့သလို ဗိုလ်ကြီးစစ်မင်းအောင်ရဲ့ မြေပြင်တိုက်ပွဲဗျူဟာ၊ အွန်လိုင်းက စကားစစ်ထိုးဗျူဟာတွေကို PDF တွေဟာ မခံချိမခံသာ ဒီနေ့မှာ စခန်းအပြီးသိမ်းမယ်လို့ ကြွေးကြော်တက်လာပေမဲ့ နောက်ဆုံးမှာတော့ လူဆယ်ရာချီသေဆုံးဒဏ်ရာရတဲ့ ရလဒ်ကိုပဲ ရလိုက်ပြီး လူမှုကွန်ရက်မှာတော့ သေကုန်တဲ့ PDF တွေအတွက် ဝမ်းနည်းကြောင်း၊ မဲဆောက်ဆေးရုံရောက်နေတဲ့ ဒဏ်ရာရ PDF ရာချီအတွက် သွေးလိုကြောင်း၊ ငွေကြေးလိုကြောင်း ပုံစံမျိုးစုံနဲ့ ဝမ်းနည်းအလှူခံနေကြပါတယ်။
ဒီနေ့တိုက်ပွဲအတွင်းမှာ တပ်မတော်ဘက်က KNU နဲ့ PDF တွေ ပြန်ဆွဲပြေးတဲ့ အလောင်းတွေမပါဘဲ အနည်းဆုံးခြောက်လောင်းရခဲ့သလို လက်နက် ၁၃ လက်နဲ့ ခဲယမ်းအများအပြားလည်း သိမ်းမိခဲ့ပြီး ဗိုလ်ကြီးစစ်မင်းအောင်ကလည်း “ဒီနေ့တော့ ..ဒီလောက်နဲ့ပဲ ပွဲပြီးသွားပါပြီ…နောက်နေ့အတွက်ပြင်ဆင်ရအုံးမည်”ဟု သေကုန်တဲ့ PDF တွေရဲ့ လက်နက် ၁၃ လက်၊ KNU အလံနဲ့ ခဲယမ်းပုံတွေနဲ့ ဖော်ပြထားပြီး ဒီတင်ထားတာကိုပဲ KNU နဲ့ PDF တွေဟာ ရင်ထုမနာဖြစ်နေကြသလို ခါတိုင်းလိုလည်း ဗိုလ်ကြီးစစ်မင်းအောင်အကောင့်မှာ လာမလှောင်နိုင်တော့တာ တွေ့ရပါတယ်။
