
၁၄.၅.၂၀၂၅
Translated by Htwe Ko Tun
ဂျပန်နိုင်ငံရဲ့ တတိယမြောက်အကြီးဆုံးမော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ နစ်ဆန်ကုမ္ပဏီဟာ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွက် ယန်းငွေ ၆၇၀ ဒသမ ၉ ဘီလျံ(ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ)အရှုံးပေါ်ခဲ့ ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ မော်တော်ကားထုတ်လုပ်ရေးစက်ရုံ ခုနစ်ခုကို ပိတ်ပစ်ဖို့နဲ့ ကမ္ဘာတစ်ဝန်းရှိ နစ်ဆန်ကုမ္ပဏီအလုပ်သမားအင်အား ၂၀,၀၀၀ အထိကိုလည်း လျှော့ချမှုတွေကို ၂၀၂၇ ဘဏ္ဍာရေးနှစ်မတိုင်မီပြုလုပ်သွားဖို့ရှိတယ်လို့ မေလ ၁၃ ရက်မှာ ကြေညာခဲ့ပါတယ်။
နစ်ဆန်ကုမ္ပဏီက ၂၀၂၆ ခုနှစ်၊ မတ်လမှာ ကုန်ဆုံးမယ့် ဘဏ္ဍာရေးနှစ်အတွက် အမြတ်ငွေခန့်မှန်းမှုကို လည်း ထုတ်ဖော်မပြောသေးဘဲထားမယ်လို့ ဆိုခဲ့ပါတယ်။ အခုကာလမှာက အမေရိကန်အစိုးရရဲ့ ကုန် သွယ်စည်းကြပ်ခွန်မူဝါဒတွေကြောင့် မသေချာမှုတွေ ဖြစ်နေရတယ်လို့လည်း နစ်ဆန်ကုမ္ပဏီက ပြော ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လမှာ ကုန်ဆုံးခဲ့တဲ့ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း နစ်ဆန်အနေနဲ့ ယန်းငွေ ၆၇၀ ဒသမ ၉ ဘီလျံအထိ ရှုံးခဲ့ရမှုက လေးနှစ်တာကာလအတွင်း ကုမ္ပဏီအဖို့ ပထမဆုံးအကြိမ် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း မူလက အလုပ်သမားအင်အား ၁၀,၀၀၀ လျှော့ချသွားဖို့ စီစဉ်ထားရာကနေ ခုလို နှစ်ဆတိုးလျှော့ချဖို့အထိဆောင်ရွက်လာခြင်းပါ။

နစ်ဆန်ကုမ္ပဏီအနေနဲ့ စီးပွားရေးအကျဘက် အလှည့်အပြောင်းဖြစ်လာရတာကလည်း ကုမ္ပဏီရဲ့ အဓိကဈေးကွက်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ အရောင်းကုန်ကျစရိတ်တွေတိုးမြင့်လာမှု၊ ဂျပန်နဲ့နိုင်ငံ ရပ်ခြားရှိ နစ်ဆန်စက်ရုံတွေရဲ့ ပစ္စည်းဥစ္စာတွေကိုတန်ဖိုးဖြတ်ရာမှာ ထိခိုက်ဆုံးရှုံးမှုတွေကြောင့်လို့ ဆိုပါ တယ်။
ကုမ္ပဏီစီးပွားရေးကို ပြန်လည်မြှင့်တင်ဖို့ နစ်ဆန်က အလုပ်သမားအင်အား ၁၁,၀၀၀ လျှော့ချမယ်လို့ မူလက ကြေညာထားခဲ့တာပါ။ ဒါပေမယ့် အရှုံးပေါ်မှုတွေကြောင့် လျှော့ချမယ့် အလုပ်သမားအင်အားက ၂၀၂၇ ခုနှစ်မှာ ကုမ္ပဏီစုစုပေါင်းအလုပ်သမားအင်အားရဲ့ ၁၅ ရာခိုင်နှုန်းခန့်ရှိမယ့် ၂၀,၀၀၀ အထိ တိုးမြင့်လာခဲ့တာလို့ ဆိုပါတယ်။
Ref- Kyodo News