၂၀. ၈. ၂၀၂၃ Written by Nay Aung မြန်မာနိုင်ငံ၏ပြည်တွင်း နိုင်ငံရေးအခြေအနေများအပြင် အွန်လိုင်းမှတဆင့် လိမ်လည်မှုများကျူးလွန်နေသည့်ရာဇဝတ်ဂိုဏ်းများ၊ လူကုန်ကူးဂိုဏ်းများကြောင့် တရုတ်ခရီးသွားများသည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် ဆန္ဒမရှိဘဲဖြစ်နေကြောင်း ဂလိုဘယ်တိုင်းမ်သတင်းဌာနက ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း ပိုမိုကောင်းမွန်စေရန်အတွက် ဟိုတယ်အခန်းခများကို တရုတ်ယွမ် ၃၀၀ အထိဈေးလျှော့ပေးထားသော်လည်း ကြယ်ငါးပွင့် အဆင့်ရှိဟိုတယ်များတွင် တည်းခိုသူမရှိဘဲဖြစ်နေကြောင်း သိရသည်။ ခရီးသွားများကို ဆွဲဆောင်ရန်အတွက် မြန်မာနိုင်ငံရှိဟိုတယ်အချို့သည် အခန်းခများကို ၄၀ ရာခိုင်နှုန်းဈေးလျှော့ပေးထားကြောင်း သိရသည်။ တရုတ်မီဒီယာတစ်ခုက တရုတ်နိုင်ငံသားများကို မြန်မာနိုင်ငံသို့ခရီးသွားခြင်းနှင့်ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့ရာ စစ်တမ်းဖြေဆိုခဲ့သူ တရုတ်နိုင်ငံသား ၉,၂၉၈ ဦးထဲတွင် ၈,၉၀၁ဦးက လုံခြုံရေးအခြေနေများကြောင့်မြန်မာနိုင်ငံသို့ခရီးသွားရန် စဉ်းစားလိုခြင်းမရှိကြောင်း ဖြေဆိုထားသည်ဟုသိရသည်။ Beijing Foreign Studies တက္ကသိုလ်မှအကြီးတန်းသုတေသီတစ်ဦးဖြစ်သည့် Song Qingrun က နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်း၊အွန်လိုင်းမှတဆင့်လိမ်လည်နေသည့် ဂိုဏ်းများကြောင့် လုံခြုံရေး စိုးရိမ်ရခြင်း၊ အခြားအာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ဧည့်ခံကြိုဆိုရေးပိုင်း ကောင်းမွန်မှုမရှိခြင်းစသည့်အချက်များကြောင့် မြန်မာနိုင်ငံသို့တရုတ်ခရီးသွားများသွားရောက်လည်ပတ်ရန် စိတ်ဝင်စားမှုနည်းပါးနေခြင်းဖြစ်ကြောင်း ပြောသည်။ သို့သော်လည်း မြန်မာဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်ဧပြီလမှ ၂၀၂၃ ခုနှစ်မတ်လအတွင်း ပြည်ပခရီးသွားဦးရေ ၃၆၇,၃၆၈ ဦးလာရောက်လှည့်ပတ်ခဲ့ပြီး တရုတ်ခရီး သွားအရေအတွက်၄၈,၃၄၂ဦး လာရောက်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။ ထို့အပြင် ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း မြန်မာနိုင်ငံသို့ပြည်ပခရီးသွားဦးရေ ၄၅၀,၀၀၀ လာရောက်ခဲ့ပြီး ထိုင်းနှင့်တရုတ်နိုင်ငံသားများအများဆုံးလာရောက်ထားကြောင်းဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနကဆိုသည်။ မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်လည်ပတ်ခဲ့သောပြည်ပခရီးသွားအရေအတွက်သည် ပြီးခဲ့သောနှစ်နှင့်နှိုင်းယှဉ်လျှင် တိုးတက်လာခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် လျော့နည်းနေဆဲဖြစ်ကြောင်းသိရသည်။ Ref- — globaltimes
သတင်း
၂၀. ၈. ၂၀၂၃ Written by Ye Kyaw အချို့သောသွင်းကုန်လုပ်ငန်းရှင်များသည် ဗဟိုဘဏ်မှ Online Trading အစီအစဉ်ဖြင့် ရောင်းချပေးသည့် တစ်ဒေါ်လာ ကျပ် ၂,၉၂၀ နှုန်းဖြင့်...
၁၉. ၈. ၂၀၂၃Written by Nyein Kyaw မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုအား ပြန်လည်ပြင်ဆင်နေဆဲ ကာလအတွင်း နယ်စပ်စခန်း/ပင်လယ်ရေကြောင်းမှ ပြောင်းလဲ၍ တင်ပို့၊ တင်သွင်းမှုများအတွက် ပို့ကုန်/သွင်းကုန်လိုင်စင် ပြင်ဆင်ပိတ်သိမ်းခြင်း၊ လိုင်စင်အသစ်လျှောက်ထားခြင်းများအတွက်...
▪️ တစ်လအတွင်း ဒေါ်လာနှင့် ရွှေဈေးနှုန်း ရာခိုင်နှုန်း ၂၀ ကျော် မြင့်တက်လာ ၁၈. ၈. ၂၀၂၃Written by Nyein Kyaw
