၄.၈.၂၀၂၆
Written By Thandar
မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) က ကျင်းပပေးတဲ့ ၂၀၂၆ ခုနှစ် Esports ကမ္ဘာ့ဖလားပြိုင်ပွဲ Esports World Cup 2026 မှာ 1st Runner-Up ဆုကို ဆွတ်ခူးရရှိတဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်ကို ကမ္ဘာ့စင်မြင့်ထက်မှာ ဂုဏ်ယူဖွယ် မြန်မာအလံကိုစိုက်ထူနိုင်တဲ့ မြန်မာ့ဂုဏ်ဆောင် Yangon Galacticos MLBB အသင်းကို ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကြီးကို ဩဂုတ်လ ၃ ရက်က ရန်ကုန်မြို့Sedona Hotel Ballroom မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
“Yangon Galacticos အသင်းရဲ့ ကြိုးစားအားထုတ်မှု၊ စည်းလုံးညီညွတ်မှုနဲ့ မြန်မာ့ Esports စွမ်းရည်ကို ကမ္ဘာ့စင်မြင့်ပေါ်မှာ ထင်ရှားစွာ ဖော်ပြနိုင်ခဲ့တဲ့ သမိုင်းဝင်အောင်မြင်မှုတစ်ရပ် ဖြစ်သလို မြန်မာနိုင်ငံရှိ Esports ကစားသမားတွေနဲ့ မျိုးဆက်သစ် အားကစားသမားတွေအတွက် အားတက်စရာ မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) က တာဝန်ရှိသူတွေ၊ Game Player တွေ၊ eSports က တာဝန်ရှိသူတွေအပြင် Sponsor ကုမ္ပဏီတွေက တက်ရောက်ချီးမြှင့်ဂုဏ်ပြုခဲ့ကြသလို YG Team Player တွေရဲ့ မိဘတွေလည်း တက်ရောက်ခဲ့ပါတယ်။
အဲဒီနောက် KBZ Bank က ဂုဏ်ပြုဆုကြေးငွေ ကျပ်သိန်း ၅၀၀၀၊ Cherry Oo က ဂုဏ်ပြုဆုကြေးငွေ ဒေါ်လာ ၂၀၀၀၊ Gusto က ဂုဏ်ပြုဆုကြေးငွေကျပ် သိန်း ၁၀၀ စသလို ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံ၊ Paris မြို့မှာ ကျင်းပခဲ့တဲ့ 2026 Esports ကမ္ဘာ့ဖလားပြိုင်ပွဲ Mobile Legends: Bang Bang ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ရုရှားနိုင်ငံက Team Spirit နဲ့ Yangon Galacticos အသင်းတို့ ယှဥ်ပြိုင်ရာမှာ Yangon Galacticos အသင်းက 1st Runner-Up ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။
#BangBang #YangonGalacticosအသင်း #1stRunnerUp #MESF #MyanmarEsportsFederation #YangonGalacticos #EsportsWorldCup #MyanmarEsports #YG #MLBB








