ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ယခု သတင်းထုတ်ပြန်သည်။

ထုတ်ပြန်သော ပုံရိပ်တွင် အဂတိလိုက်စားမှု၊ မဲမသမာမှုများဖြင့် ပြစ်ဒဏ်ခံယူနေရသော ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရွှင်လန်းနေသည်ကို တွေ့ရှိရသလို ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် မရှင် သက်သေပြပေးရန် တောင်းဆိုနေသည့် သားဖြစ်သူနှင့် နိုင်ငံတကာအတွက် ICRC ကဲ့သို့သော အဖွဲ့အစည်း၏ အတည်ပြုမှုဖြင့်ပါ ဒေါ်အောင်ဆန်းစုကြည်မှာ ကောင်းမွန်စွာ စောင့်ရှောက်ခံထားရသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ခွင့်ရသည့်အပေါ် အသေးစိတ်ဖြစ်စဥ်များကို MT News က သက်ဆိုင်ရာဘက်အသီးသီးသို့ ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်များ ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။
