သက်တံ့
၃. ၈. ၂၀၂၆
တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီး ယနေ့နံနက်အစောပိုင်းတွင် လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ငှက်တစ်ကောင်ဖြင့် တိုက်ခိုက်မှု (Bird Strike ) ဖြစ်ပွားခဲ့ပြီး ပျက်ကျသွားခဲ့ကြောင်း သတင်းထုတ်ပြန်အတည်ပြုသည်။
ဖြစ်စဥ်မှာ တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ယနေ့ နံနက် ၅ နာရီ ၁၆ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၏ အရှေ့တောင်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီး သို့အရောက် ငှက်တစ်ကောင်ဖြင့်တိုက်ခိုက်မှု (Bird Strike) ဖြစ်ပွားပြီး အင်ဂျင်ခန်း အတွင်းသို့ ဝင်ရောက်သဖြင့် အင်ဂျင်မီးလောင်မှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူးအနေဖြင့် လေယာဉ်၏ အနေအထားကို လူနေအိမ်ရှင်းသည့် အရပ်မျက်နှာဘက်သို့ လှည့်၍ Eject ပြုလုပ်၍ ခုန်ထွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် လေယာဉ်အမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။
