သက်တံ့
၂၈. ၇. ၂၀၂၆
စင်ကာပူနိုင်ငံ၊ ဆမ်ဘာဝမ် (Sembawang) ၌ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုအတွင်း ခြေထောက်အရိုးကျိုး ဒဏ်ရာရရှိခဲ့သည့် အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုးသမီးသည် စင်ကာပူတွင် ခွဲစိတ်ကုသစရိတ် မတတ်နိုင်သဖြင့် ဆေးကုသမှုခံယူရန် မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။
အဆိုပါ အမျိုးသမီး၏ အမည်မှာ မမြတ် (အမည်လွှဲ) ဖြစ်ပြီး ဇူလိုင်လ ၂၅ ရက် ချန်ဂီလေဆိပ်တွင် Shin Min Daily News သတင်းဌာနနှင့် ပြုလုပ်ခဲ့သော အင်တာဗျူး၌ ပြောကြားချက်အရ ၎င်းသည် စင်ကာပူသို့ ရောက်ရှိသည်မှာ ၆ လပင် မပြည့်သေးဘဲ မတော်တဆမှု မဖြစ်ပွားမီ ၃ ရက်အလို (ဇူလိုင်လ ၂၀ ရက်) တွင် အလုပ်မှ နုတ်ထွက်ခဲ့သူဖြစ်ရာ ခွဲစိတ်ကုသစရိတ်ပေးချေရန် စုဆောင်းငွေ မရှိကြောင်း သိရသည်။ (မှတ်ချက်။ ။ မူရင်းသတင်းအချို့တွင် ၎င်းအား အိမ်အကူဟု ဖော်ပြထားသော်လည်း အချို့သတင်းများတွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလက စင်ကာပူသို့ လာရောက်ခဲ့သည့် အင်ဂျင်နီယာတစ်ဦးဖြစ်ကြောင်း ပြန်လည်ဖော်ပြထားသည်။)
မတော်တဆမှုမှာ ဇူလိုင်လ ၂၃ ရက်က ဆမ်ဘာဝမ်၊ ဝယ်လင်တန် ဆာကယ်လ် (Wellington Circle) အိမ်ရာအမှတ် ၅၀၈ (B) အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လမ်းလျှောက်နေစဉ် လမ်းဘေး၌ ကားတစ်စီး ရပ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း မမြတ်က ပြောသည်။
“ကားက သွားတော့မှာ မဟုတ်ဘူးထင်လို့ လမ်းဖြတ်ကူးခဲ့တာပါ။ မထင်မှတ်ဘဲ ရုတ်တရက် ကွေ့လာပြီး မောင်းထွက်သွားတာမို့ ကျွန်မရဲ့ ညာဘက်ခြေထောက်ကို ကြိတ်မိပြီး ကားအောက်ညပ်သွားခဲ့တာပါ” ဟု သူမက ဆိုသည်။
မမြတ်၏ ညာဘက်ခြေထောက်မှာ ကားဘီးအောက်တွင် မိနစ် ၂၀ ခန့် ပိညပ်နေခဲ့သဖြင့် စင်ကာပူ မြို့ပြကာကွယ်ရေးတပ်ဖွဲ့ (SCDF) ရောက်ရှိလာကာ ဟိုက်ဒရောလစ် ကယ်ဆယ်ရေးကိရိယာများ အသုံးပြု၍ ကယ်ထုတ်ပေးခဲ့ရသည်။ ထို့နောက် ၎င်းအား ခူးတက်ပေါ့ ဆေးရုံ (Khoo Teck Puat Hospital) သို့ သတိရှိလျက် အခြေအနေဖြင့် ပို့ဆောင်ပေးခဲ့သည်။
ဆေးရုံ၌ စစ်ဆေးချက်များအရ မမြတ်၏ ညာဘက်ခြေထောက်တွင် ရိုးဆက် နှစ်နေရာ ကျိုးသွားခဲ့သဖြင့် ခွဲစိတ်ကုသရန် ဆရာဝန်များက အကြံပြုခဲ့သည်။
“ဆရာဝန်က ခွဲစိတ်ဖို့ လိုတယ်၊ စာရင်းတင်သွင်းစရိတ် စိုက်ငွေ စင်ကာပူဒေါ်လာ ၄၀,၀၀၀ အရင်ပေးရမယ်လို့ ပြောပါတယ်။ ကျွန်မမှာ အဲဒီလောက် ပိုက်ဆံမရှိလို့ ခွဲစိတ်မှု မလုပ်နိုင်ခဲ့ပါဘူး” ဟု မမြတ်က ဆိုသည်။

ဆေးရုံတွင် ၃ ရက်နှင့် ၂ ညမျှ တက်ရောက်ခဲ့သည့် စရိတ်မှာပင် ဒေါ်လာ ၃,၀၀၀ ခန့် ကျသင့်ခဲ့ရာ မမြတ်သည် မိသားစု၏ ငွေကြေးအကူအညီဖြင့် မြန်မာနိုင်ငံတွင်သာ ခွဲစိတ်ကုသမှု ခံယူရန် ဆုံးဖြတ်ခဲ့သည်။ ထို့အတူ အမိနိုင်ငံပြန်ရန်လည်း အလုပ်ရှင်ဟောင်းထံ အကူအညီတောင်းခံခဲ့ရသည်။
“ကျွန်မအနေနဲ့ အလုပ်ရှင်ဟောင်းဆီပဲ အကူအညီတောင်းခဲ့ရပါတယ်။ သူက ကရုဏာထားပြီး ဆေးဝါးကုသစရိတ် ပေးချေဖို့ ပိုက်ဆံချေးငှားပေးခဲ့သလို မြန်မာနိုင်ငံကို ပြန်ဖို့ လေယာဉ်လက်မှတ်လည်း ဝယ်ပေးခဲ့ပါတယ်” ဟု မမြတ်က ပြောကြားခဲ့ပြီး လျော်ကြေးငွေရရှိပါက အဆိုပါငွေများကို ပြန်လည်ပေးဆပ်သွားမည်ဟု ဆိုသည်။
မမြတ်သည် ဇူလိုင်လ ၂၅ ရက် မွန်းလွဲပိုင်းတွင် ဆေးရုံမှ ဆင်းခဲ့ပြီး ထိုနေ့ည ၉ နာရီတွင် မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။
အဆိုပါ မတော်တဆမှုနှင့် ပတ်သက်၍ အသက် ၃၉ နှစ်အရွယ် အမျိုးသား ယာဉ်မောင်းအား စုံစမ်းစစ်ဆေးမှုများတွင် ကူညီပေးရန် ရဲတပ်ဖွဲ့က ခေါ်ယူထားပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်လျက် ရှိသည်။
Ref : Straits Times & Asia One