




၁၉.၇.၂၀၂၆
Written by Linn Eain
(၇၉) နှစ်မြောက် အာဇာနည်နေ့(ဇူလိုင် ၁၉ ရက်)တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူထားပြီး အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥဩဆွဲအလေးပြုခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့နယ်၊ ဆူးလေဘုရားအနီးရှိ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ ဥဩဆွဲခဲ့ပြီး ကားလမ်းများပေါ်သွားလာနေသည့် မော်တော်ယာဉ်များကလည်း ခေတ္တရပ်တန့်က ဟွန်းတီးခြင်း၊ သွားလာလှုပ်ရှားနေသူများကလည်း ရပ်တန့်အလေးပြုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။




မြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဥဩဆွဲအချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် လက်အောက်ဌာန/ ရုံးအဆင့်ဆင့်နှင့် အစိုးရရုံးဌာနအဖွဲ့အစည်း အားလုံးသို့ ညွှန်ကြားထားကြောင်း သိရသည်။
