၁၀.၇.၂၀၂၆
Translated by Htwe Ko Tun
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ၏ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ ဇူလိုင်လ ၁၂ ရက်တွင် အလွတ်သဘောတွေ့ဆုံမည်ဟု ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့က ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားခဲ့ကြသည်။
၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စအာဏာထိန်းသိမ်းမှုအပြီး ဖြစ်ပေါ်လာသော စစ်ပွဲများကြောင့် အာဆီယံထိပ်သီးအစည်းအဝေးများမှ မြန်မာနိုင်ငံကို ဘေးဖယ်ထားခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် အစောပိုင်းတွင် အာဏာရလာသော မြန်မာအစိုးရသစ်က ၎င်း၏ ခေါင်းဆောင်များအပေါ် အာဆီယံ၏ တားမြစ်ချက်ကို ရုပ်သိမ်းရန် ကြိုးပမ်းနေချိန်တွင် ယခုအစည်းအဝေး ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဖမ်သူဟန် (Pham Thu Hang) က “ဘန်ကောက်မှာကျင်းပမယ့် အစည်းအဝေးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအကြား အမြင်ချင်း ဖလှယ်ဖို့၊ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့နဲ့ မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးဆွေးနွေးပွဲတွေကို အရှိန်မြှင့်တင်ပေးနိုင်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဘန်ကောက်မြို့တွင် ကျင်းပသွားမည်မှာ မှန်ကန်ကြောင်းအတည်ပြုခဲ့သည်။
Ref-Bangkok Post
