နေမိုး
၂. ၇. ၂၀၂၆
ချင်း PDF ငါးဖွဲ့နဲ့စုဖွဲ့ထားတဲ့ ZZLMS ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းထောင်ဇာကျဲအို ကားတိုက်လို့ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ချင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ ဝမ်းနည်းကြောင်းထုတ်ပြန်ချက်နဲ့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ZZLMS ဟာ CDF-Zotung၊ CDF-Zophei၊ CDF-Lautu၊ CDF-Mara နဲ့ Senthang Revolution Force တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ မဟာမိတ်တပ်ပေါင်းစုဖြစ်ပြီး ဒီငါးဖွဲ့ရဲ့ နာမည်အစတွေဟာ တပ်ပေါင်းစုနာမည်ဖြစ်လာပြီး ဆလိုင်းထောင်ဇာကျဲအိုဟာ စစ်ဦးစီးချုပ်တာဝန်ယူထားတာပါ။
ဆလိုင်းထောင်ဇာကျဲအိုဟာ ဇွန်လ ၂၆ ရက်က ဆဲထန်တပ် ထိန်းချုပ်နယ်မြေအတွင်း ကားတိုက်မှုနဲ့ သေဆုံးသွားတာဖြစ်ပြီး ဒီကားတိုက်မှုမှာ ဆလိုင်းထောင်ဇာကျဲအို ပွဲချင်းပြီးသေဆုံးခဲ့သလို ဆဲထန်ဗဟိုကောင်စီ လူမှုဖွံ့ဖြိုးရေး အတွင်းရေးမှူး ဆလိုင်းဘွေကျုံးလျန်လည်း ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ချင်းဒေသတွင်း သတင်းတွေအရ သိရပါတယ်။

