◾ အမေရိကန်ကွန်ဂရက်တွင် အီရန်စစ်ပွဲကို ထောက်ခံမှုမရှိကြောင်း ထင်ရှားလာ
၂၄.၆.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန် အထက်လွှတ်တော်က အီရန်နဲ့ ပဋိပက္ခမှာ စစ်တပ်တွေ ဖယ်ရှားဖို့ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ကို ညွှန်ကြားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ဇွန်လ ၂၃ ရက်က အတည်ပြုခဲ့တဲ့အတွက် ဒေါ်နယ်ဒ် ထရမ့်ပ်ကို သိသာထင်ရှားတဲ့ ပြစ်တင်ရှုတ်ချမှုတစ်ခုဖြစ်ခဲ့ပြီး စစ်ပွဲကို ကွန်ဂရက်အနေနဲ ထောက်ခံမှုမရှိတာကို ပြသတဲ့ ပြင်းထန်သော သတင်းစကားတစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။
ဒီမိုကရက်အမတ်တွေက အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ခုလုံးမှာ ထရမ့်ပ်ရဲ့ စစ်ရေးအာဏာကို မဲပေးကန့်သတ်ဖို့ အကြိမ်ကြိမ် အတင်းအကျပ် လုပ်ဆောင်ခဲ့တာပါ။ ဒီလှုပ်ရှားမှုအပေါ် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ရီပတ်ဘလီကန်ပါတီရဲ့ ထောက်ခံမှု တဖြည်းဖြည်း မြင့်တက်လာခဲ့လို့ သမ္မတကို ဒေါသထွက်စေခဲ့ပါတယ်။
ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ရန်းပေါလ်၊ ဆူဆန်ကောလင်းစ်၊ လီဆာမာကိုစကီနဲ့ ဘီလ်ကက်ဆီဒီတို့ဟာ ဒီမိုကရက်အမတ်တွေနဲ့ ပူးပေါင်းပြီး အဆိုပြုချက်ကို ထောက်ခံမဲပေးခဲ့ကြတာမှာ နောက်ဆုံးရလဒ်မှာ ၅၀ မဲ- ၄၈ မဲ ဖြစ်ပါတယ်။ ယခင်က စစ်ပွဲအာဏာဆိုင်ရာ ဆုံးဖြတ်ချက်တွေ ကို ကန့်ကွက်မဲပေးခဲ့တဲ့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ချ်မက်ကော်နယ်လ်နဲ့ ဒေ့ဗ်မက် ကော်မစ်ခ်တို့ မရှိခဲ့တာက အဆိုပြုချက်ကို အတည်ပြုဖို့ အကြောင်းရင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
ယင်းအဆိုပြုချက်ကို အခုလအစောပိုင်းမှာ အောက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် အိမ်ဖြူတော်အရာရှိတစ်ဦးက အထက်လွှတ်တော်ရဲ့မဲပေးအတည်ပြုမှုကို ပယ်ချခဲ့ပြီး ဆုံးဖြတ်ချက်က အဓိပ္ပာယ်မရှိလို့ ပြောကြားခဲ့သလို ရီပတ်ဘလီကန်အမတ်တွေ တက်ရောက်ခြင်းမရှိလို့ အဆိုပြုချက် ကို အတည်ပြုနိုင်ခဲ့တာလို့ ပြောခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က ဥပဒေကဲ့သို့အာဏာလည်း မရှိဘူးလို့ ထိုအရာရှိက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် သူကဆုံးဖြတ်ချက်မှာ အီရန်နဲ့ ရန်လိုတိုက်ခိုက်မှုတွေကနေ အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖယ်ရှားဖို့ သမ္မတကို ညွှန်ကြားထားပေမယ့် ဧပြီလ ၇ ရက်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ရန်လိုတိုက်ခိုက်မှုတွေ အဆုံးသတ်သွားလို့ အမေရိကန်တပ်ဖွဲ့တွေကို ဖယ်ရှားဖို့ ရန်လိုမှုတွေ မရှိတော့ဘူးလို့ ဆိုခဲ့ပါသေးတယ်။
အောက်လွှတ်တော်မှာ ၂၁၅ မဲ-၂၀၈ မဲနဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး အောက်လွှတ်တော် ရီပတ်ဘလီကန်အမတ် လေးဦးက ဒီမိုကရက်တွေနဲ့အတူ မဲပေးခဲ့လို့ သမ္မတရဲ့ ဒေါသကို ချက်ချင်း ရင်ဆိုင်ခဲ့ရပါသေးတယ်။ မဲခွဲပြီးနောက် ထရမ့်ပ်က ထိုအမတ်လေးဦးကို လူစိတ်ဝင်စားမှုခံရဖို့သက်သက်သာ လုပ်တတ်သူတွေလို့ ခေါ်ဆိုခဲ့ပါတယ်။
Ref- CNN
