၂၇.၆.၂၀၂၆
Written By Thandar
မဟာကစီစဉ်ပြီး ဒါရိုက်တာပြည့်ဖြိုးနိုင်(PPN) ရိုက်ကူးတော့မယ့် “ရင်နင့်ဖူးစာ” ရုပ်သံဇာတ်လမ်းတွဲမှာ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အတူ ပါဝင်သရုပ်ဆောင်ခွင့်ရရှိဖို့ တက်သစ်စလူငယ်မျိုးဆက်သစ်တွေကို ခေါ် ယူနေပြီဖြစ်ပါတယ်။
“ဇာတ်လမ်းတွဲတစ်ခုတည်းမှာ အတူပါဝင်သရုပ်ဆောင်ခွင့်ရဖို အခွင့်အရေးတွေရရှိမယ့် တက်သစ်စ လူငယ်မျိုးဆက်သစ် အနုပညာရှင်များကို မဟာကခေါ်ယူနေတာပါ။ ဒီခြေလှမ်းအစတစ်ခုဟာ လူငယ်တွေရဲ့ အနုပညာကို၊ ဝါသနာတဲ့အရာကို ချပြခွင့်ရမှာလည်းဖြစ်ပါတယ်။ အနုပညာကို ဝါသနာပါပြီး ပါဝင်လျှောက်လိုသူတွေအနေနဲ့ အသက် ၂၀ ကနေ အသက် ၃၀ အတွင်းရှိသူ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ခေါ်ယူနေတာပါ။ ရုပ်ရည်အနေနဲ့ကတော့ အသင့်အတင့်ရှိသူတွေဖြစ်ရင်ရပါတယ်။ ကိုယ့်စိတ်ကူးတွေကို အိပ်မက်မက်နေရုံနဲ့ မပြီးသေးတာမို ဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီးတော့ လျှောက်လွှာတွေကို တင်ကြဖို့ပဲပြောချင်ပါတယ်”လို့ Mahar ဘက်က တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ခေါ်ယူထားတဲ့ကာရိုက်တာတွေအနေနဲ့ ခန့်ပိုင်မှူး၊ ဇွဲ၊ သီတာ၊ ကေသရီ ဆိုတဲ့ ဇာတ်ကောင်တွေအတွက် ရွေးချယ်သွားမှာလည်းဖြစ်ပါတယ်။ “ရင်နင့်ဖူးစာ”ဇာတ်လမ်းတွဲမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ အလင်းရောင်၊ ဗီတာမင်၊ ခင်ဝင့်ဝါ၊ မြတ်ရတနာကျော် စတဲ့သူတွေနဲ့အတူ မျိုးဆက်သစ် လူငယ်တွေက တွဲဖက်သရုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။
အနုပညာဝါသနာပါသူတွေအနေနဲ့ ဇာတ်ကားမှာပါဝင်ဖို့အတွက် လျှောက်လွှာတွေကို ဇွန်လ ၂၆ ရက်ကနေ ဇူလိုင် ၁ ရက်အတွင်း https://forms.gle/2K3ti2mncnJXC8dj9 ကလျှောက်ထားနိုင်ပြီးတော့ စည်းမျဉ်းစည်းကမ်းကိုက်ညီသူတွေကို မဟာဘက်က အကောင်းဆုံးရွေးချယ်ပေးသွားမယ်လို့ သိရပါတယ်။
#အလင်းရောင် #VitaMin #ခင်ဝင့်ဝါ #မြတ်ရတနာကျော် #ALinnYaung #KhinWintWah #MyatYadanarKyaw
#mahar #maharoriginalseries #castingcall #maharcasting #maharcasting #ရင်နင့်ဖူးစာ





